Burmese Site
Menu
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း စာမျက်နှာ
  • ဆေးခန်းများ
  • အရင်းအမြစ်များ
    • စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှု ကိရိယာများ
    • ဆေးဝါးများရယူရန်အတွက် အထောက်အကူ
    • (တင်နစီ ရက်ဒ်လိုင်း) THE TENNESSEE REDLINE
    • အစားအစာ အထောက်အပံ့
    • ရှေ့ဆက်ကုသမှု- ကျွန်ုပ် မည်သည့်နေရာသွားသင့်သနည်း။
    • ထပ်ဆောင်း အရင်းအမြစ်များ
  • ထိတှေ့
Preferred Language

(တင်နစီ ရက်ဒ်လိုင်း) THE TENNESSEE REDLINE

(တင်နစီ ရက်ဒ်လိုင်း) The Tennessee REDLINE (1-800-889-9789) သည် အခမဲ့ဖုန်းဆက်၍
သတင်းအချက်အလက်ရယူနိုင်ကာ TAADAS မှ ညှိနှိုင်းဆောင်ရွက်ထားပြီး (တင်နက်စီ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး
ဓာတုပစ္စည်း တလွဲသုံးမှု ၀န်ဆောင်မှုများဌာန) Tennessee Department of Mental Health Substance Abuse
Services ၏ ရန်ပုံငွေဖြင့်ပြုလုပ်ထားသော လွှဲပြောင်းပေးသည့် ဖုန်းလိုင်းဖြစ်ပါသည်။ REDLINE ၏ရည်ရွယ်ချက်မှာ
တင်နက်စီ ပြည်နယ်သားအားလုံးမှ တောင်းဆိုသည့်အခါ တိကျမှန်ကန်၍ နောက်ဆုံးပေါ်ဖြစ်သော အရက်၊ မူးယစ်ဆေးဝါး၊
လောင်းကစားပြဿနာနှင့် အခြားစွဲနေမှုဆိုင်ရာ သတင်းအချက်အလက်များ ပေးရန်နှင့် လွှဲပြောင်းပေးမှုများ ပြုလုပ်ပေးရန်
ဖြစ်သည်။ Redline သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများနှင့်အတူ ပေါ်ပေါက်သည့် အရက်နှင့်
မူးယစ်ဆေးဝါး ရောဂါများအတွက် လွှဲပြောင်းပေးမှုများ ပြုလုပ်ပေးပါသည်။
တင်နက်စီREDLINE ကို တင်နက်စီပြည်နယ်တစ်ဝှမ်းတွင် အားပေးမြှင့်တင်ထားပြီး တင်နက်စီပြည်နယ်တစ်ဝှမ်းမှလည်း
ဖုန်းဆက်ကြပါသည်။ ကုသမှုဆိုင်ရာ လွှဲပြောင်းပေးမှုများနှင့် အခြားအစီအစဉ်များသို့ လွှဲပြောင်းပေးမှုများကိုREDLINE
တွင် ပြုလုပ်ပါသည်။ တတ်နိုင်သည့်အခါများတွင် ဖုန်းဆက်သူများကို လွှဲပြောင်းပေးမှု အရင်းအမြစ် အနည်းဆုံး ၃ ခု
ပေးပါသည်။ REDLINE ၀န်ထမ်းများသည် ဖုန်းဆက်သူ သို့မဟုတ် ဓာတုပစ္စည်း တလွဲသုံးသူအား ကုသပေးခြင်း
သို့မဟုတ် အကြံပြုဆွေးနွေးခြင်းများ မပြုလုပ်သော်လည်း ရောဂါရှာဖွေပေးသူ၊ ရောဂါအလားအလာ ဟောကိန်းပေးသူ
သို့မဟုတ် ဓာတုပစ္စည်း အသုံးပြုသူ/တလွဲသုံးသူအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သို့မဟုတ် ကိုယ်ကာယ ကျန်းမာရေး
စစ်ဆေးပေးသူနှင့် ဆက်သွယ်ရန် အချက်အလက်များ ပေးပါသည်။ REDLINE သည် တယ်လီဖုန်းဆက်သူ ဖော်ပြသည့်
လိုအပ်ချက်များကို အခြေခံ၍ တိကျသည့် လွှဲပြောင်းမှုများ ပြုလုပ်ပေးရန် ကြိုးပမ်းပါသည်။

ပိုမိုသိရှိရန်

  • မခွဲခြားဘဲ တန်းတူဆက်ဆံခြင်း / အသုံးပြုခွင့်ရခြင်းဆိုင်ရာ မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ထိတှေ့

Website Design and Developed by Atiba.com

© 2023

X
- Enter Your Location -
- or -
Get your current location
Scroll to top