ကျန်းမာရေးစောင့်ရှောက်မှုသည် အလွန်ပင် ရှုပ်ထွေးနိုင်သည်ဖြစ်၍ ကျွန်ုပ်တို့ ကံကောင်းသည်မှာ ကျန်းမာရေးပြဿနာများ အမှန်တကယ် ရှုပ်ထွေးသည့် ဤ Nashville/Tennessee အလယ်ပိုင်းတွင် ကျွန်ုပ်တို့အား ကူညီရန် လူကောင်း၊ နေရာကောင်းများစွာရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ My HealthCare Home ဆေးခန်းများအပြင် အောက်ဖေါ်ပြပါ အရင်းအမြစ်များသည် သင်၏ ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာများနှင့် လိုအပ်ချက်များကို တင်ပြရန်ကူညီပေးနိုင်ပါသည်။
Metro Public Health Department
Metro Public Health Department ၏ တာဝန်မှာ Nashville မြို့တော် နယ်နိမိတ်အတွင်းရှိ လူများအားလုံး၏ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးကို ကာကွယ်ရန်၊ တိုးတက်စေရန်နှင့် အားဖြည့်ပေးရန်တို့ ဖြစ်ပါသည်။ Metro Health Department သည် ဆေးဝါကုသမှုဆိုင်ရာ ဝန်ဆောင်မှုမျိုးစုံကို Nashville မြို့သားများအား နေရာဒေသအမျိုးမျိုးတွင် ပံ့ပိုးပေးလျက်ရှိပါသည်။
Health Department ၏ ဆေးဝါးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ပိုမိုသိရှိလိုပါက ဤလိပ်စာကိုသွားပါ- http://www.nashville.gov/Health-Department/Clinical-Health-Services.aspx
Project Access Nashville
Project Access Nashville သည် အာမခံမရှိသော Nashville မြို့သားများအား My HealthCare Home စနစ်အတွင်းရှိ ဆေးခန်းများအပါအဝင် လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများဖြင့် ချိတ်ဆက်ပေးရန် Metro Health Department ၏ ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။ ပိုမိုသိရှိရန်အတွက်- http://www.nashville.gov/Health-Department/Clinical-Health-Services/Project-Access-Nashville.aspx.
Project Access Nashville Specialty Care
Project Access Nashville Specialty Care သည် Nashville Metro Health Department၊ Tennessee အလယ်ပိုင်း Safety Net Consortium နှင့် MyHealthCare home ဆေးခန်းများ ပေါင်းစုထားသည့် ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့မှ တစ်ဆင့် Davidson စီရင်စုရှိ ဝင်ငွေနည်းပြီး အာမခံမထားရှိသော ပြည်သူများအတွက် အထူးစောင့်ရှောက်မှု ညှိနှိုင်းစနစ်တစ်ခုကို ပံ့ပိုးလျက်ရှိသည့် Nashville ဆေးတက္ကသိုလ်၏ ဦးဆောင်မှုအောက်ရှိ အစီအစဉ်အတစ်ခု ဖြစ်သည်။ ပိုမိုသိရှိရန်အတွက်- http://nashvillemedicine.org/patients/
Health Assist Tennessee
Health Assist Tennessee (Nashville အခြေစိုက် အမြတ်အစွန်းအတွက် မဟုတ်သော အေဂျင်စီတစ်ခု ဖြစ်သော Family & Children’s Service ၏ ဝန်ဆောင်မှုတစ်ခု) သည် အာမခံအပြည့်အဝမရသော Tennessee နယ်သားနှင့် အာမခံမထားသော Tennessee နယ်သားများအား ဆေးဝါး၊ သွားနှင့်ခံတွင်း၊ အမြင်အာရုံ၊ ဆေးညွှန်း၊ စိတ်ကျန်းမာရေးနှင့် အခြား အရင်းအမြစ်များ အပါအဝင် ကုန်ကျစရိတ်နည်းသော၊ ကုန်ကျစရိတ်မရှိသော ရပ်ရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များ ပံ့ပိုးပေးပါသည်။ Health Assist မှ ကူညီနိုင်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ပိုမိုသိရှိရန်အတွက် ကျေးဇူးပြု၍ ဤလိပ်စာတွင် စစ်ဆေးပါ-
http://www.getcoveredtenn.org/health-assist1.html သို့မဟုတ် အောက်ပါတို့ကို ဖုန်းခေါ်ပါ-
– အင်္ဂလိပ်ဘာသာအတွက် ၆၁၅-၃၁၃-၉၉၇၂ သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်း ၁-၈၀၀-၂၆၉-၄၀၃၈ ကို ဖုန်းဆက်ပါ
– စပိန်ဘာသာအတွက် ၆၁၅-၂၂၇-၇၅၆၈ သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်း ၁-၈၀၀-၂၅၄-၇၅၆၈ ကို ဖုန်းဆက်ပါ
– ကာဒစ်ရှ်/အာရဗီဘာသာအတွက် ၆၁၅-၃၁၃-၉၈၄၀ သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်း ၁-၈၇၇-၆၅၂-၃၀၄၆ ကို ဖုန်းဆက်ပါ
Tennessee Justice Center
The Tennessee Justice Center သည် အားနည်းချက်ရှိသည့် မိသားစုများကို ဝန်ဆောင်မှုပေးသည့် အမြတ်အစွန်းအတွက် မရည်ရွယ်သော ဥပဒေအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 1995 မှစတင်၍ TJC သည် မပြောဆိုနိုင်သူများအစား ရှေ့နေလိုက်ပေးရန်၊ အစိုးရစာရင်းများအား ထိန်းထားရန်နှင့် ကျွန်ုပ်တို့ ပြည်နယ်အတွင်းရှိ သိန်းပေါင်းများစွာသော မိသားစုများအတွက် ကျန်းမာရေးနှင့် ဘဏ္ဍာရေးလုံခြုံမှုတိုးတက်လာစေရန် ဥပဒေကို အသုံးပြုခဲ့ပါ။ ပိုမိုသိရှိရန်အတွက်- https://www.tnjustice.org/help/
၂-၁-၁ Tennessee
အကူအညီရရှိရန် အလွယ်ဆုံးနည်းများမှ တစ်ခုမှာTennessee ၏ ရပ်ရွာဝန်ဆောင်မှုများကူညီရေး ဖုန်းလိုင်း ၂-၁-၁ သို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သင်ခေါ်ဆိုသည့်အခါ သင့်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန်အတွက် လေ့ကျင့်ပေးထားသည့် လူအစစ်ဖြင့် တွေ့မည်ဖြစ်ပြီး သင်အကူအညီရနိုင်မည့် အနီးဆုံးနေရာ၏ ဖုန်းနံပါတ်နှင့် လိပ်စာကို သင့်အား ပေးပါလိမ့်မည်။ အကူအညီစင်တာများ၏ လမ်းညွှန်ကို ကြည့်ရန် ဤနေရာကိုလည်း သင်နှိပ်လိုက်နိုင်ပါသည်။
၂-၁-၁ ကိုဖုန်းခေါ်ပါ သို့မဟုတ် ဤလိပ်စာကိုသွားပါ- http://tn211.mycommunitypt.com/
Tennessee Disability Pathfinder
Tennessee Disability Pathfinder (“Pathfinder”) သည် သတင်းအချက်အလက်များ၊ အရင်းအမြစ်များ၊ အထောက်အပံ့နှင့် လွှဲပြောင်းပေးခြင်းများကို မသန်စွမ်း Tennessee နယ်သားများနှင့် ၎င်းတို့၏ မိသာစုအတွက် အခမဲ့ ပံ့ပိုးပေးပါသည်။
အဓိက စီမံကိန်းအစိတ်အပိုင်း သုံးခု (သတင်းအချက်အလက်များနှင့် လွှဲပြောင်းပေးခြင်းများ၊ ပညာရေးနှင့် သင်တန်းပေးခြင်းနှင့် ယဉ်ကျေးမှုပေါင်းစုံ ထောက်ကူရေးအစီအစဉ်) မှတစ်ဆင့် အရွယ်အားလုံး၊ မသန်မစွမ်းမှု အမျိုးအစားအားလုံးနှင့် ဘာသာစကားအားလုံးအတွက် တစ်ယောက်ချင်းစီကို သတင်းအချက်အလက်များနှင့် အရင်းအမြစ်များ ကျွန်ုပ်တို့ ပံ့ပိုးပေးပါသည်။
– ပိုမိုလေ့လာရန်- http://vkc.mc.vanderbilt.edu/vkc/pathfinder/aboutus/#sthash.1qJlzc52.dpuf
– Tennessee Disability Pathfinder အကူအညီဖုန်းလိုင်း- ၁-၈၀၀-၆၄၀-၄၆၃၆
The Tennessee REDLINE
Tennessee REDLINE (၁-၈၀၀-၈၈၉-၉၇၈၉) သည် TAADAS မှ အထောက်အကူပြုထားသော သတင်းအချက်အလက်နှင့် လွှဲပြောင်းရေး အခမဲ့ ဖုန်းလိုင်းဖြစ်ပြီး Tennessee Department of Mental Health Substance Abuse Services မှ ငွေကြေးထောက်ပံ့ထားပါသည်။ REDLINE ၏ ရည်ရွက်ချက်မှာ အရက်၊ ဆေး၊ ပြဿနာဖြစ်ရလောက်သည်အထိ လောင်းကစားခြင်း နှင့် အခြားစွဲလမ်းခြင်းဆိုင်ရာ တိကျသော နောက်ဆုံးရ အချက်အလက်များနှင့် လွှဲပြောင်းမှုများကို Tennessee ပြည်နယ်သူ ပြည်နယ်သားများ တောင်းဆိုပါက ပံ့ပိုးပေးရန် ဖြစ်ပါသည်။ Redline သည် စိတ်ကျန်းမာရေး ရောဂါများနှင့် အတူမြင့်တက်လာသည့် အတူပူးတွဲဖြစ်သည့် အရက်နှင့်ဆေးစွဲမှု ရောဂါများအတွက် လွှဲပြောင်းပေးမှုများ ပံ့ပိုးပေးပါသည်။
Tennessee REDLINE ကို Tennessee Association of Alcohol, Drug, and other Addiction Services TAADAS မှ အထောက်အကူပြုထားပါသည်။
The Directory of Services for Seniors©
Council on Aging (COA) ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သောThe Directory of Services for Seniors© သည် TN အလယ်ပိုင်း ဧရိယာရှိ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များအတွက် ဘက်မလိုက်သော အရင်းအမြစ်များကို တစ်နေရာရရှိနိုင်ပါသည်။ တိုက်ရိုက်ဝန်ဆောင်မှု ပံ့ပိုးသူမဟုတ်သော အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အေဂျင်စီတစ်ခုအနေဖြင့် COA သည် စီရင်စုဧရိယာ ၁၃ ခုအတွင်းရှိ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များနှင့် စောင့်ရှောက်သူများအတွက် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ပြီးပြည့်စုံပြီး ဘက်မလိုက်သော အချက်အလက်များကို ပံ့ပိုးရန် သူမတူသော နေရာတွင် ရှိပါသည်။ သတင်းအချက်အလက်များဆိုရာတွင် လှုပ်ရှားမှုများနှင့် ပညာရေး၊ အိမ်ယာ၊ ကျန်းမာရေး ဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်ရှိအကူအညီတို့ ပါဝင်သော်လည်း မပါမဖြစ် ပါဝင်ရမည်ဟုမဆိုလိုပါ။
ဝန်ဆောင်မှုပေးသော စီရင်စုများမှာ- Cheatham ၊ Davidson၊ Dickson၊ Houston၊ Humphreys၊ Montgomery၊ Robertson၊ Rutherford၊ Stewart၊ Sumner၊ Trousdale၊ Williamson နှင့် Wilson တို့ဖြစ်ပါသည်။
kidcentral tn
ကျန်းမာပျော်ရွှင်သော ကလေးများကို ပြုစုပျိုးထောင်ရန် မိသားစုများအတွက် Tennessee ၏
တစ်နေရာထဲတွင်အားလုံး ရရှိနိုင်သည့်နေရာ။ ပြည်နယ်အစိုးရအတွင်းရှိ ဌာနများမှ Tennessee မိသားစုများအတွက်
အရေးကြီးသော အချက်အလက်များနှင့် အရင်းအမြစ်များ ပြည့်စုံကုံလုံစွာ
ပေးပါသည်။ kidcentraltn.com သည် သင်အလိုရှိရာကို
တစ်နေရာထဲတွင် လွယ်ကူပြီး လျှင်မြန်စွာ ရှာဖွေနိုင်စေပါသည်။
ပိုမိုလေ့လာရန် kidcentraltn.com သို့ သွားပါ။
Williamson စီရင်စု Health Department
Williamson စီရင်စု Health Department ၏ တာဝန်မှာ Williamson စီရင်စုအတွင်းရှိ လူများ၏ ကျန်းမာရေးနှင့် ချမ်းသာရေးတို့ကို ကာကွယ်၊ မြှင့်တင်ပြီး တိုးတက်စေရန် ဖြစ်ပါသည်။ စီရင်စုကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်ဆောင်မှုမျိုးစုံကို သင့်အားကျန်းမာနေစေရန် ပံ့ပိုးပေးပြီး သင်နေထိုင်မကောင်းပါက ပြန်လည်နေထိုင်ကောင်းစေရန် ပံ့ပိုးပေးပါသည်၊ အောက်ဖေါ်ပြပါ စာရင်းသည် ကျွန်ုပ်တို့ ပေးလျက်ရှိသည့် ဝန်ဆောင်မှုအချို့ဖြစ်ပါသည်။
http://www.williamsoncounty-tn.gov/120/Health-Department
Marshall စီရင်စု Health Department
Marshall စီရင်စု Health Department ၏ တာဝန်မှာ Marshall စီရင်စု အတွင်းရှိ လူများ၏ ကျန်းမာရေးနှင့် ချမ်းသာရေးတို့ကို ကာကွယ်၊ မြှင့်တင်ပြီး တိုးတက်စေရန် ဖြစ်ပါသည်။ စီရင်စုကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်ဆောင်မှုမျိုးစုံကို သင့်အားကျန်းမာနေစေရန် ပံ့ပိုးပေးပြီး သင်နေထိုင်မကောင်းပါက ပြန်လည်နေထိုင်ကောင်းစေရန် ပံ့ပိုးပေးပါသည်၊
https://www.marshallcountytn.com/health-department
Maury စီရင်စု ကျန်းမာရေးဌာန
Maury စီရင်စု ကျန်းမာရေးဌာနသည် Tennessee Department of Health’s South Central Region ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ဌာနေ ကျန်းမာရေးဌာနများသည် လူတစ်ယောက်စီ၊ မိသားစုနှင့် ရပ်ရွာတို့တွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အဓိကထားပြီး ကျယ်ပြန့်လှသော ကာကွယ်ရေး ဆေးပညာဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။ ဤဝန်ဆောင်မှုများ၏ အားသာချက်ကို သင်အရယူမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။
ရည်မှန်းချက် စာတမ်း- “Tennessee ရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ချမ်းသာရေးတို့ကို ကာကွယ်၊ မြှင့်တင်ပြီး တိုးတက်စေရန်”
http://www.maurycounty-tn.gov/index.aspx?page=69
စိတ်ကျန်းမာရေး စစ်ဆေးသည့်ကိရိယာများ
သင့်တွင် စိတ်ကျန်းမာရေး ချို့တဲ့သည့် လက္ခဏာများ ရှိမရှိသိနိုင်ရန် စိတ်ကျန်းမာရေး စစ်ဆေးမှု ခံယူခြင်းသည် အမြန်ဆုံးနှင့် အလွယ်ကူဆုံး နည်းများအနက်မှ တစ်ခုပင်ဖြစ်ပါသည်။ စိတ်ကျရောဂါ သို့မဟုတ် စိုးရိမ်လွန်ကဲခြင်းစသည့် စိတ်ကျန်းမာရေး အခြေအနေတို့သည် စစ်မှန်ပြီး အဖြစ်များကာ ကုသ၍ ပျောက်ကင်းနိုင်ပါသည်။ ထို့အပြင် ပြန်လည်ကျန်းမာလာရန်လည်း ဖြစ်နိုင်ပါသည်။
၁၉၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် နိုင်ငံ၏ရှေ့ဆောင် ရပ်ရွာအခြေပြု အမြတ်အစွန်းအတွက် မဟုတ်သော Mental Health America (MHA) ၏ ဝန်ဆောင်မှုအဖြစ် ဤကိရိယာများကို ပံ့ပိုးထားပြီး စိတ်ကျန်းမာရေး ချို့တဲ့မှု ခံစားနေရသူများ၏ လိုအပ်ချက်များကို တင်ပြရန်နှင့် အမေရိကန်အားလုံး စိတ်ကျန်းမာရေး အဆင့်ကို မြှင့်ပေးရန်အတွက် သီးသန့်ထားခြင်းဖြစ်ပါသည်။
၎င်းသည် အခမဲ့ဖြစ်ပြီး လျှို့ဝှက်ထားပေးသည့်အပြင် ၎င်းတို့အားလုံးသည် သက်သေပေါ်အခြေခံသည့်စစ်ဆေးမှုများ ဖြစ်ပါသည်။
http://www.mentalhealthamerica.net/mental-health-screening-tools?ref=MHAMT