ကျွန်ုပ်တို့အကြောင်း စာမျက်နှာ

My HealthCare Home အကြောင်း
အဘယ်ကြောင့် My HealthCare Home ဖြစ်ရသနည်း။

My HealthCare Home ဝက်ဘ်ဆိုဒ်၏ ရည်ရွယ်ချက်မှာ သင့်အား Nashville နှင့် Tennessee အလယ်ပိုင်းတစ်ဝှမ်းရှိ သင်တတ်နိုင်သော၊ လက်လှမ်းမီသော အရည်အသွေးမြင့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပုံမှန် ကူညီချိတ်ဆက်ပေးရန် ဖြစ်ပါသည်။ ဤနေရာသည် သင်တတ်နိုင်သော၊ လက်လှမ်းမီသော အရည်အသွေးမြင့် စောင့်ရှောက်မှုကိုပေးမည့် သင်၏မိသားစု ဆရာဝန်ကို ရှာဖွေရန် နေရာတစ်ခုဖြစ်ပါသည်။

My HealthCare Home ဆိုသည်မှာ ဆရာဝန်များ၊ သူနာပြုများ၊ နည်းပညာရှင်များအစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှ လိုအပ်သော ဝန်ဆောင်မှုများပေးပြီး လူနာများ၏ ကျန်းမာရေး တိုးတက်လာစေရန် ကူညီဆောင်ရွက်ပေးရာ ကျန်းမာရေးဂေဟာတစ်ခုဖြစ်သည့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်တစ်ခုနှင့် ချိတ်ဆက်မိသွားသည့် သင်၏ အကြောင်းပင်ဖြစ်ပါသည်။ My HealthCare Home ဆေးခန်းများသည် အရေးပေါ်ဌာနများ သို့မဟုတ် minute clinic များအထိ ပြောင်းလဲစောင့်ရှောက်သည့် စဉ်ဆက်မပြတ်စောင့်ရှောက်မှုကို ပေးပါသည်။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ပြည့်ဝစေရန် ကူညီပေးမည့် စောင့်ရှောက်မှုပေးသူ ဝန်ထမ်းများနှင့်တကွ Nashville နှင့် ပတ်ဝန်းကျင်ဧရိယာတစ်ဝှမ်းရှိ အကျိုးအမြတ်အတွက် မဟုတ်သော ရပ်ရွာအခြေပြု ဆေးခန်းပေါင်း ငါးဆယ်ကျော် My HealthCare Home တွင် ပါဝင်ပါသည်။

My HealthCare Home ဆေးခန်းများကို မည်သို့ သွားရောက် ကုသနိုင်သနည်း။

Nashville နှင့် ပတ်ဝန်းကျင်ဧရိယာရှိ ဆေးခန်းပေါင်း ငါးဆယ်ကျော်ပါဝင်သော My HealthCare Home ဆေးခန်းများသည် သင်၏အနီးအနားတွင် – ကျွန်ုပ်တို့၏ လူနာများ အလုပ်လုပ်ရာ၊ နေထိုင်ရာနေရာ အနီးအနားတွင်ပင် ရှိပါသည်။ ထို့အပြင် My HealthCare Home ဆေးခန်းများမှ လူနာများလိုအပ်သော ဝန်ဆောင်မှုများကို – အခြေခံ ဦးစားပေး စောင့်ရှောက်မှုများမှသည် နာတာရှည်ရောဂါစီမံခန့်ခွဲရေး၊ သွားနှင့်ခံတွင်း၊ အပြုအမူဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများအထိ ပံ့ပိုးပေးလျက်ရှိပါသည်။ My HealthCare Home ဆေးခန်းများစွာတွင် ညနေခင်း သို့မဟုတ် စနေနေ့ ဆေးခန်းချိန်များ ရှိပါသည်။ ဤဝက်ဘ်ဆိုဒ်သည် သွားရောက်ကုသနိုင်ပြီး သင့်လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဆေးခန်းများကို ကူညီရှာဖွေပေးပါသည်။ ဝက်ဘ်ဆိုဒ်ကို ဘာသာစကားမျိုးစုံဖြင့် အသုံးပြုနိုင်ပြီး အင်္ဂလိပ်စကားမပြောသည့် လူနာများအတွက် စကားပြန် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့၏ များစွာသော ဆေးခန်းတို့တွင် ပံ့ပိုးပေးထားပါသည်။

My HealthCare Home ဆေးခန်းများသည် မည်သို့ မည်ပုံ တတ်နိုင်သည့် ပမာဏဖြစ်သနည်း။

My HealthCare Home ရှိ ဆေးခန်းများသည် အာမခံမရှိသော နှင့်/သို့မဟုတ် ဝန်ငွေကန့်သတ်ချက်ရှိသော လူနာများကို ဝန်ဆောင်မှုပေးရန် သီးသန့်ထားရှိခြင်း ဖြစ်ပါသည်။ ဆေးခန်းပြသရန် အဖိုးအခမှာ မိသားစုအရေအတွက်နှင့် ဝင်ငွေအပေါ်တွင် မူတည်ပါသည်။ ဆေးခန်းများစွာသည် TennCare၊ တစ်ဦးချင်းသီးသန့် သို့မဟုတ် အလုပ်ရှင်အပေါ်မူတည်သည့်အာမခံ အစရှိသည့် ကျန်းမာရေးအာမခံများကို လက်ခံသော်လည်း အာမခံရှိရန် မလိုအပ်ပါ။ ရပ်ရွာထောက်ပံ့ရေးမှလည်း လူနာများအတွက် ကုန်ကျစရိတ်များ လျော့နည်းစေရန် ကူညီပါသည်။

My HealthCare Home ဆေးခန်းများသည် မည်သို့မည်ပုံ အရည်အသွေးမြင့် စောင့်ရှောက်မှု ပေးသနည်း။

My HealthCare Home ဆေးခန်းတစ်ခုစီ၏ အဓိကတာဝန်မှာ လူနာ အားလုံးကို အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်ဖြစ်ပါသည်။ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်းများ အနေဖြင့် ကျွန်ုပ်တို့၏ လူနာများနှင့် ရပ်ရွာအတွက် ဝန်ဆောင်မှုပေးရန်မှာ ကျွန်ုပ်တို့၏ ပင်မပန်းတိုင်ဖြစ်ပါသည်။ Safety Net Consortium မှတစ်ဆင့် My HealthCare Home ဆေးခန်းများသည် ကျွန်ုပ်တို့၏ လူနာများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် အတူတကွ လုပ်ဆောင်၊ သင်ယူကြပါသည်။ လက်ရှိတွင် အရည်အသွေး တိုးတက်ရန် အားထုတ်မှုမှတစ်ဆင့် လူနာစောင့်ရှောက်မှု တိုးတက်လာစေရန်အတွက် အစိုးရမှ ရံပုံငွေထောက်ပံ့ပေးထားသည့် အဓိကစီမံကိန်းကြီး တစ်ခု (Transforming Clinical Practice Initiative) တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်)။

My HealthCare Home ဆေးခန်းများသည် မည်သို့မည်ပုံ အရည်အသွေးမြင့် စောင့်ရှောက်မှု ပေးသနည်း။

My HealthCare Home ဆေးခန်းတစ်ခုစီ၏ အဓိကတာဝန်မှာ လူနာ အားလုံးကို အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်ဖြစ်ပါသည်။ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်းများ အနေဖြင့် ကျွန်ုပ်တို့၏ လူနာများနှင့် ရပ်ရွာအတွက် ဝန်ဆောင်မှုပေးရန်မှာ ကျွန်ုပ်တို့၏ ပင်မပန်းတိုင်ဖြစ်ပါသည်။ Safety Net Consortium မှတစ်ဆင့် My HealthCare Home ဆေးခန်းများသည် ကျွန်ုပ်တို့၏ လူနာများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် အတူတကွ လုပ်ဆောင်၊ သင်ယူကြပါသည်။ လက်ရှိတွင် အရည်အသွေး တိုးတက်ရန် အားထုတ်မှုမှတစ်ဆင့် လူနာစောင့်ရှောက်မှု တိုးတက်လာစေရန်အတွက် အစိုးရမှ ရံပုံငွေထောက်ပံ့ပေးထားသည့် အဓိကစီမံကိန်းကြီး တစ်ခု (Transforming Clinical Practice Initiative) တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်)။

ကျွန်ုပ်တွင် ကျန်းမာရေးအာမခံ ရှိရန်လိုအပ်ပါသလား။

မလိုအပ်ပါ။ စောင့်ရှောက်မှု ရယူရန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတစ်ခု ရရှိရန် ကျန်းမာရေးအာမခံမလိုပါ။ လူနာကုန်ကျမည့်အဖိုးအခမှာ မိသားစုအရေအတွက်နှင့် ဝင်ငွေအပေါ်တွင် မူတည်ပါသည်။ My HealthCare Home ဆေးခန်းများစွာသည် ကျန်းမာရေးအာမခံများကို လက်ခံသော်လည်း အာမခံရှိရန် မလိုအပ်ပါ။

My HealthCare Home ဝက်ဘ်ဆိုဒ်ကို မည်သူက စိတ်ကူးရခဲ့သနည်း။

My HealthCare Home သည် Tennessee အလယ်ပိုင်း Safety Net Consortium ၏ စီမံကိန်းတစ်ခုဖြစ်ပါသည်။ သက္ကရာဇ် ၂၀၀၀ ကစ၍ Safety Net Consortium သည် Nashville၊ Davidson စီရင်စုနှင့် ပတ်ဝန်းကျင်ဧရိယာများရှိ ဝင်ငွေနည်းပြီး အာမခံမထားရှိသော ပြည်သူများ၏ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်စေရန် လုပ်ဆောင်ခဲ့ကြပါသည်။ လုပ်ငန်းရှင်အသင်းသည် အားလုံးအတွက်စောင့်ရှောက်မှု တစ်ခုကိုပံ့ပိုးပေးရန် အသိပညာများနှင့် အရည်အချင်းများကို ပေါင်းစပ်ရန်အတွက် ဆေးခန်းများ၊ ပံ့ပိုးသူများ၊ တော်ဝင်ပညာရှင်များနှင့် စားသုံးသူများနှင့် ရပ်ရွာခေါင်းဆောင်များကို အတူတကွ စုစည်းခဲ့ပါသည်။ စာရင်းပါ ဆေးခန်းများအားလုံးနီးပါသည် Safety Net Consortium ၏ အသင်းဝင်များ ဖြစ်ကြပါသည်။

My HealthCare Home ကို မည်သို့ ငွေကြေးထောက်ပံ့ထားသနည်း။

ကျွန်ုပ်တို့၏ သုတေသနများအရ လူများစွာ၊ မိသားစုများစွာတို့သည် ကျွန်ုပ်တို့၏ ဆေးခန်းများအကြောင်း မသိရှိကြကြောင်း သိခဲ့ရသည့်အတွက် My HealthCare Home လုပ်ဆောင်ရန် စိတ်ကူးရရှိခဲ့ပါသည်။ Transforming Clinical Practice Initiative ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Vanderbilt တက္ကသိုလ် ကျန်းမာရေးစင်တာပါဝင်ခွင့် ပေးသည့် အနေနှင့် Medicare နှင့် Medicaid ဝန်ဆောင်မှုများဆိုင်ရာ ဖယ်ဒရယ်စင်တာများမှ ငွေကြေးထောက်ပံ့မှုနှင့် ဤဝက်ဘ်ဆိုဒ်ကို ရေးဆွဲခဲ့ပါသည်။ ဝက်ဘ်ဆိုဒ်အတွက် ထပ်ဆောင်းအထောက်အပံ့ကို Meharry-Vanderbilt Alliance မှပေးပါသည်။

ကျွန်ုပ်၏ ဆေးခန်းသည် My HealthCare Home ၏ အစိတ်အပိုင်း မည်သို့ဖြစ်နိုင်သနည်း။

အကယ်၍သင်သည် Nashville သို့မဟုတ် Tennessee အလယ်ပိုင်းတွင် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် ဆေးခန်း တစ်ခုရှိသည့် ပံ့ပိုးသူတစ်ဦးဖြစ်ပြီး သင့်ဆေးခန်းကို စာရင်းတွင် မတွေ့ပါက ကျေးဇူးပြု၍ အဖွင့်စာမျက်နှာရှိ ဆက်သွယ်ရန်ပုံစံကို အသုံးပြုပါ။ My Healthcare Home ၏ အစိတ်အပိုင်းဖြစ်ရေးနှင့် ပတ်သက်၍ Safety Net Consortium ၏ ကိုယ်စားလှယ်တစ်ဦးမှ သင့်အား ဆက်သွယ်ပါလိမ့်မည်။