Burmese Site
Menu
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း စာမျက်နှာ
  • ဆေးခန်းများ
  • အရင်းအမြစ်များ
    • စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှု ကိရိယာများ
    • ဆေးဝါးများရယူရန်အတွက် အထောက်အကူ
    • (တင်နစီ ရက်ဒ်လိုင်း) THE TENNESSEE REDLINE
    • အစားအစာ အထောက်အပံ့
    • ရှေ့ဆက်ကုသမှု- ကျွန်ုပ် မည်သည့်နေရာသွားသင့်သနည်း။
    • ထပ်ဆောင်း အရင်းအမြစ်များ
  • ထိတှေ့
Preferred Language

ရှေ့ဆက်ကုသမ

ကျွန်ုပ်သည် မည်သည့်အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု နေရာတစ်ခုတည်း ရှိသင့်သနည်း။

“ကျန်းမာရေးစောင့်ရှောက်မှု ဌာနချုပ်” ရှိခြင်းဆိုသည်မှာ သင်၏ကျန်းမာရေး အချက်အလက်များကို ဆရာဝန်
တစ်ဦးတည်းနှင့် သူ၏အဖွဲ့မှ စီစဉ်ကာ စီမံခန့်ခွဲခြင်းကို ဆိုလိုသည်။ ဤသည်ကို တစ်ခါတစ်ရံတွင် “ကျန်းမာရေးဆိုင်ရာ
ဌာနချုပ်” သို့မဟုတ် “အဓိကစောင့်ရှောက်ပေးသည့် ဆရာဝန်” ဟု တစ်ခါတစ်ရံ ခေါ်ကြပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် ရှုပ်ထွေးပြီး၊ သင်တစ်ခုခု လိုအပ်သည့်အခါ မည်သည့်နေရာသွားရမည်ကို သိရန်မှာ
အမြဲလွယ်ကူသည် မဟုတ်ပါ။ တစ်နေရာတည်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ရှိသည့်အခါ လုပ်ကိုင်ရာတွင်
လွယ်ကူစေပါသည်။

ကျွန်ုပ်သည် အရေးပေါ်လူနာခန်းသွားရန် အမှန်တကယ်လိုအပ်လာလျှင် မည်သို့ဖြစ်မည်နည်း။

သင်အရေးပေါ်လူနာခန်းသွားရန် လိုအပ်သည့်အထူးအခြေအနေများ ရှိကောင်းရှိနေနိုင်ပါသေးသည်။ အောက်ပါ
အကြံပြုချက်များကို သိထားပါ-

  • ဆေးခန်းချိန်နောက်ပိုင်းပင်ဖြစ်စေကာမူ သင်၏ဆရာဝန်ကို ဖုန်းဆက်ပါ။သင့်ဆေးခန်း ပိတ်နေသော်လည်း
    သင်သည် အရင်ဖုန်းဆက်သင့်သည်။ အချို့ဆေးခန်းများတွင် သင်ဘာလုပ်သင့်သည်ကို အကြံပြုချက်များပေးနိုင်သည့်
    တကယ့်လူတစ်ဦးနှင့် သင်ပြောဆိုဆွေးနွေးရန်အတွက် ဆေးခန်းချိန်နောက်ပိုင်း ဖုန်းဆက်ရန် စနစ်တစ်ခုရှိပါသည်။
    သို့မဟုတ် သင့်ဆရာဝန်မှအကြံပြုသော အရေးတကြီး စောင့်ရှောက်ကုသမှု ဆေးခန်းတစ်ခုအတွက် သင့်ကို
    အကြံပေးသော အသံဖမ်းထားသည့် မှာကြားချက်တစ်ခုရှိနိုင်သည်။
  • အသက် သို့မဟုတ် ခြေလက်အတွက် ကြီးလေးသည့်အန္တရာယ်ရှိသော (သင် သေဆုံးနိုင်သည့် သို့မဟုတ် ခြေလက်
    ဆုံးရှုံးနိုင်သည့်) အခြေအနေများအတွက် အရေးပေါ်လူနာခန်းကို သွားပါ။ သို့မဟုတ်ပါက အောက်ပါ
    အကြံပြုချက်များကို လိုက်နာပါ- အရေးတကြီး စောင့်ရှောက်ကုသသည့်ဆေးခန်း သို့မဟုတ် အရေးပေါ်လူနာခန်းကို
    သင်သွားပါက ဆရာဝန်များသည် သင့်ကျန်းမာရေးရာဇ၀င် (သင့်ဇာတ်လမ်း) အကြောင်း သိမည်မဟုတ်ဘဲ၊ သင့်ကို
    ဈေးကြီးသည့် ကျသင့်ငွေတောင်းလွှာ ပို့နိုင်ပါသည်။ အဓိကကျန်းမာရေးကုသပေးသည့် ဆရာဝန်ထံ သွားရန်၊
    အရေးတကြီးကုသသည့် ဆေးခန်းထံသွားရန် သို့မဟုတ် အရေးပေါ်လူနာခန်း သွားရန် ဆုံးဖြတ်ရာတွင် သင့်ကို
    အထောက်အကူပြုရန် ဤရုပ်ပုံများကို အသုံးပြုပါ။

ဌာနချုပ်

ကာယကျန်းမာရေး၊ စိတ်ခံစားမှုကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပါအ၀င် ကျန်းမာရေး လိုအပ်မှု
တစ်စုံတစ်ရာအတွက် စတင်ရမည့်နေရာမှာ သင့်ဆရာဝန် အမြဲပင် ဖြစ်သည်။

ပုံမှန်စောင့်ရှောက်ကုသမှု ရယူပါ

သင့်ဆရာဝန်သည် သင်မည်သည့်အခါ စမ်းသပ်မှုများနှင့် အခြားလုပ်ငန်းစဉ်များလိုအပ်သည်ကို သိသည်။ သင့်ကိုယ်သင်
ကြည့်ထားရာတွင် အကူအညီရရန် သင့်ဆရာဝန်ထံ အနည်းဆုံး တစ်နှစ်တစ်ခါ သွားသင့်သည်။

သင့်ဆရာဝန်က သင့်ဇာတ်လမ်းကို သိသည်

သင်သည် သင့်ဆရာဝန်နှင့် ဆက်ဆံရေးတစ်ရပ် တည်ဆောက်လိမ့်မည်ဖြစ်ပြီး၊ အသစ်တစ်ဦးတွေ့တိုင်း သင့်ဇာတ်လမ်းကို
ပြန်ပြောပြစရာ လိုမည်မဟုတ်ပေ။

လွှဲပြောင်းပေးခြင်းများ

သင်သည် ကျန်းမာရေးဆိုင်ရာအထူးအကူအညီလိုအပ်လျှင် သို့မဟုတ် သင့်ဆရာဝန်က မကူညီနိုင်သော
အခြားကိုယ်ရေးကိုယ်တာ လိုအပ်ချက်များ ရှိလျှင် သင့်ကိုကူညီနိုင်သူတစ်စုံတစ်ဦးနှင့် ရက်ချိန်းရရန် ၎င်းတို့
ကူညီနိုင်ပါသည်။

စရိတ်စခတတ်နိုင်ခြင်း

သင်၏ ကျန်းမာရေးစောင့်ရှောက်မှု ဌာနချုပ်ကိုသွားခြင်းသည် အရေးပေါ်လူနာခန်း၊ အရေးတကြီးကုသပေးသည့် ဆေးခန်း
သို့မဟုတ် (မိနစ် ဆေးခန်း) minute clinic တို့ထံသွားခြင်းထက် အလွန်ဈေးပိုနည်းပါသည်။

Source: MidSouth Practice Transformation Network. Reducing Preventable Emergency Room (ER) Utilization Toolkit. Retrieved December 28, 2017 from https://midsouthptn.com/wp-content/uploads/2017/01/midsouth-ptn-ed-toolkit_v1.pdf

Source: MidSouth Practice Transformation Network. Reducing Preventable Emergency Room (ER) Utilization Toolkit. Retrieved December 28, 2017 from https://midsouthptn.com/wp-content/uploads/2017/01/midsouth-ptn-ed-toolkit_v1.pdf

  • မခွဲခြားဘဲ တန်းတူဆက်ဆံခြင်း / အသုံးပြုခွင့်ရခြင်းဆိုင်ရာ မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ထိတှေ့

Website Design and Developed by Atiba.com

© 2023

X
- Enter Your Location -
- or -
Get your current location
Scroll to top