Burmese Site
Menu
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း စာမျက်နှာ
  • ဆေးခန်းများ
  • အရင်းအမြစ်များ
    • စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှု ကိရိယာများ
    • ဆေးဝါးများရယူရန်အတွက် အထောက်အကူ
    • (တင်နစီ ရက်ဒ်လိုင်း) THE TENNESSEE REDLINE
    • အစားအစာ အထောက်အပံ့
    • ရှေ့ဆက်ကုသမှု- ကျွန်ုပ် မည်သည့်နေရာသွားသင့်သနည်း။
    • ထပ်ဆောင်း အရင်းအမြစ်များ
  • ထိတှေ့
Preferred Language

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှု ကိရိယာများ

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေ လက္ခဏာများ
သင်ကြုံတွေ့ခံစားနေရခြင်း ရှိမရှိ ဆုံးဖြတ်ရာ၌ အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံးနည်းတစ်နည်း ဖြစ်ပါသည်။
စိတ်ကျရောဂါ သို့မဟုတ် စိုးရိမ်မှုလွန်ကဲသည့်ရောဂါကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများသည် စစ်မှန်၍
အများအပြားတွေ့ရကာ ကုသ၍ရကြပါသည်။ ထို့အပြင် ပြန်လည်ကောင်းမွန်းလာရန်လည်း ဖြစ်နိုင်ပါသည်။
စိတ်ကျရောဂါ စမ်းသပ်ချက် သည် ၀မ်းနည်းစိတ်လွှမ်းမိုးမှုခံစားနေရသော ပုဂ္ဂိုလ်များအတွက် ဖြစ်သည်။
စားသောက်ခြင်းမူမမှန်သည့်ရောဂါ စမ်းသပ်ချက် သည် သင်၏ကိုယ်ကာယကျန်းမာရေးနှင့် အထွေထွေ
နေထိုင်ကောင်းမှုအပေါ် သက်ရောက်မှုရှိသည့် စားသောက်ခြင်းနှင့်သက်ဆိုင်သော အလေးထားစရာများကို လေ့လာ
ဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်ပါသည်။
စိုးရိမ်မှု စမ်းသပ်ချက် သည် မိမိတို့၏နေ့စဉ်လုပ်ကိုင်နိုင်စွမ်းအပေါ် စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုများက သက်ရောက်မှု
ရှိနေသည်ဟု ခံစားရသောသူများအတွက် ဖြစ်သည်။
အရက် သို့မဟုတ် ဓာတုပစ္စည်းသုံးစွဲမှု စမ်းသပ်ချက် သည် သင်၏ အရက် သို့မဟုတ် ဆေးဝါးသုံးစွဲမှုသည်
ကိုင်တွယ်စရာလိုနေသော အပိုင်းတစ်ခု ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် အထောက်အကူပြုပါမည်။
စိတ်အစွန်းရောက်ရောဂါ စမ်းသပ်ချက် သည် စိတ်ခံစားမှုပြောင်းလဲခြင်းများ ရှိသည့် သို့မဟုတ် သမားရိုးကျမဟုတ်ဘဲ
သို့မဟုတ် လွန်ကဲစွာ စိတ်ခံစားမှုနှင့် အားအင် ပြောင်းလဲသည့် ပုဂ္ဂိုလ်များအတွက် ဖြစ်သည်။
လူငယ် စမ်းသပ်ချက် သည် မိမိတို့၏ စိတ်ခံစားချက်များ၊ အာရုံစိုက်မှု သို့မဟုတ် အပြုအမူများသည် ပြဿနာတစ်ရပ်၏
လက္ခဏာများဖြစ်နိုင်ကြောင်း စိုးရိမ်နေသည့် (အသက် ၁၁ နှစ်မှ ၁၇ နှစ်ရှိ) လူငယ်များအတွက် ဖြစ်သည်။
PTSD (စိတ်ဒဏ်ရာဖြစ်စေသော ဖိစီးမှုနောက်ပိုင်း ရောဂါ) စမ်းသပ်ချက် သည် စိတ်ဒဏ်ရာဖြစ်စေသည့်
ဘ၀အဖြစ်အပျက်တစ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူများအတွက် ဖြစ်သည်။
မိဘ စမ်းသပ်ချက် သည် မိမိတို့၏ကလေး၏ စိတ်ခံစားမှုများ၊ အာရုံစိုက်မှု၊ သို့မဟုတ် အပြုအမူများသည်
ပြဿနာတစ်ရပ်၏ လက္ခဏာများ ဟုတ်မဟုတ် ဆုံးဖြတ်ရန် လူငယ်များ၏ မိဘများအတွက် ဖြစ်သည်။
ပြင်းထန်သည့်စိတ်ဝေဒနာ စမ်းသပ်ချက် သည် (အမှန်တကယ် ဟုတ်ပုံမရသည့် သို့မဟုတ် သိပ်ဟုတ်ပုံမရသည့်
အရာများကို မြင်ခြင်း၊ ကြားခြင်း သို့မဟုတ် ယုံကြည်ခြင်းကဲ့သို့) မိမိတို့၏ဦးနှောက်သည် မိမိတို့ကို လှည့်စားနေသည်ဟု
ခံစားနေရသည့် (အသက် ၁၂ မှ ၃၅ နှစ်ရှိ) လူငယ်များအတွက်ဖြစ်သည်။
စစ်ဆေးမှုအပြီးတွင် အဖြေများကို ကျန်းမာရေးဝန်ဆောင်မှုပေးသူတစ်ဦးနှင့် ဆွေးနွေးရန် သင့်ကို အချက်အလက်များ၊
အရင်းအမြစ်များနှင့် ကိရိယာများ ပေးပါမည်။

ပိုမိုသိရှိရန်
  • မခွဲခြားဘဲ တန်းတူဆက်ဆံခြင်း / အသုံးပြုခွင့်ရခြင်းဆိုင်ရာ မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ထိတှေ့

Website Design and Developed by Atiba.com

© 2023

X
- Enter Your Location -
- or -
Get your current location
Scroll to top